တောင်ငူ သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ဆီလုပ်ငန်းရှင်များက ပြည်သူများစျေးနှုန်းချိုသာစွာ ဆီဝယ်ယူနိုင်ရေး အတွက် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကရင်မစျေးအနီး၌ ရွေ့လျားစနစ်ဖြင့် ရောင်းချပေးသည်။
အဆိုပါ ရွေ့လျားစနစ်ဖြင့် ရောင်းချပေးသည့် စားအုန်းဆီများကို အိမ်ထောင်စုများမှ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့အတွင်း ဆီလုပ်ငန်းရှင်များမှ ရောင်းချပေးသည့် စားအုန်းဆီများ၏ အလေးချိန်နှင့် အယှဉ်အတွယ်မှန်ကန်စေရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ရွေ့လျားစနစ်ဖြင့် ရပ်ကွက်အလိုက် လှည့်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်