ငပု​တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း

ငပု​တော ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့်  ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်  ၁၀  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီးနောက်  ငပု​တောမြို့ ​ဝေဠုဝန်​ကျောင်းတိုက်မှ  ​ကျောင်းထိုင်ဆရာတော်  မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ   ဘဒ္ဒန္တဝဏ္ဏသာမိ မဟာထေရ် အရှင်သူမြတ်က ငါးပါးသီလချီးမြှင့်ပေးခဲ့ပြီး၊  ​ကျောင်းတိုက်အသီးသီးမှ ကြွရောက် လာသော  သံဃာတော် အရှင်သူမြတ်များက ​မေတ္တာသုတ် အန္တရာယ်ကင်း  ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပါသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်သူနှင့်ဇနီး ​ဒေါ်နီလာထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရ​ကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို  စုပေါင်းကပ်လှူဒါန်းကြသည်။

ဆက်လက်၍  ငပု​တောမြို့   ​ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ဘုရား၊ ဘဒ္ဒန္တဝဏ္ဏသာမိ   အရှင်သူမြတ်က အနုမောဒနာတရား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ  အမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုတ်သိမ်းခဲ့သည်။ ထို့နောက် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာကြွရောက်လာ​သူများအား နေ့လယ်စာဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရသည်။

အောင်သူ (ငပုတော ၊ ပြန်/ဆက်)