ငါးသိုင်းချောင်းမြို့၌ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ငါးသိုင်းချောင်း ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-က ကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငါးသိုင်း‌ချောင်းမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊  မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က အခမ်းအနား အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဆက်လက်၍ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က အမှိုက်အမျိုးအစားများအကြောင်း၊ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေးအတွက် သိရှိလိုက်နာရန်အချက်များ၊ Clean City, Green City, Smart City အဖြစ် အကောင်ထည်ဖော်ဆောင်ရွက်‌ နေမှုအခြေအနေနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သင့်သည့် အချက်အလက်များကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့၊ အ-ထ-က ငါးသိုင်းချောင်းကျောင်းရှိ   ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၀) ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)