ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ဒိုက်ဦး ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာ သန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူနာ (၂၅၀) ကျော်အား အခမဲ့ကုသပေးခဲ့သည်။

အဆိုပါ ဆေးခန်းကို အပတ်စဉ် စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ် သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းရောဂါစသည့် အထူးကုဆရာဝန်များကလည်း တစ်လလျှင် တစ်ကြိမ် လာရောက်၍ မေတ္တာဖြင့် ကုသပေးကြပြီး အသည်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော သူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်းအခမဲ့ပေးလှူကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)