မအူပင်ခရိုင်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

မအူပင်     ဇူလိုင်    ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မအူပင်မြို့ တိုးရွှေဝါခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များရှိ သဘင်၊ ဂီတပညာရှင်များက ဂီတအခြေခံတေးသီးချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ အဖွဲ့ဝင်(၂)ဦးခင်လှိုင်၊ အဖွဲ့ဝင်(၃)ယာယီ ခရိုင်လဝကဦးစီးမှူးဒေါ်ပပဝင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်စကား ပြောကြားသည်။

ဆက်လက်၍ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များက သတ်မှတ်ထားသည့် ပြိုင်ပွဲခေါင်းစဉ် အလိုက် ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)