လှိုင်းဘွဲမြို့နယ်၊ ရေဘုတ်ဆည်ဝန်းကျင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လှိုင်းဘွဲ ဇူလိုင်

ကရင်ပြည်နယ်၊ ဝန်ကြီးချုပ်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လှိုင်းဘွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ ဝန်ထမ်းများပူးပေါင်း၍ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဘုတ်ဆည်အနီး ပတ်ဝန်းကျင်၌ စိုက်ပျိုးခဲ့ကြသည်။

အဆိုပါစိုက်ပျိုးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးသိန်းထွန်း၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူး ဦးလှမြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ ဝန်ထမ်းများ စုပေါင်း၍ ရေဘုတ်ဆည် ပတ်ဝန်းကျင်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရေဝေ၊ ရေလဲစနစ်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ ကျွန်း(၁၃)ပင်၊ မဟော်ဂနီ(၂၅၀)ပင်၊ မန်ဂျန်ရှား(၃၀၀)ပင်၊ ခရေ(၂)ပင်၊ စိန်းပန်း(၅၀)ပင်၊ မဲဇလီ(၂၅၀)ပင် စုစုပေါင်း ပျိုးပင် (၁၀၀၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)