ကျောက်မြောင်း စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ညွှန်ကြားချက်များနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ရှိ ရတနာသိင်္ဃတံတားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ရေးဂိတ်အား ဩဂုတ် ၂၃ ရက်နေ့က စတင်၍ ပြန်လည်ဖွင့်လှစ်ပြီးအပူချိန်တိုင်းခြင်း၊ အပြင်ထွက်လျင် Mask တပ်ဆင်ကြရန်၊ လက်ကို မကြာခဏဆေးကြရန် အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ရေးဂိတ်သို့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူနှင့်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်တို့မှ ကျောက်မြောင်းမြို့ရှိ ကျန်းမာရေးစစ်ဆေးဂိတ်သို့ Face Shield (၂၀) ခု၊ Mask (၅) ဘူးနှင့် Hand Gel (၃) ဘူးတို့ကို လာရောက်လှူဒါန်းခဲ့ပြီး ကျောက်မြောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)