သနပ်ပင် ဇူလိုင် ၂၈
၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ သနပ်ပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၂၈.၇၉)သန်းဖြင့် စိုက်ဘဏ်လမ်းအား ငွေစင်ဆန်းသစ်ကုမ္မဏီမှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသခံပြည်သူများ သွားလာရေးလွယ်ကူချာမွေ့စေရန် အရှည် ၆၈၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၈လက်မရှိ ကွန်ကရစ်လမ်း ဖြစ်ပြီး အဆိုပါ လမ်းသည် ပြည်သူ့ဆေးရုံ၊ ဌာနဆိုင်ရာရုံးများနှင့် ကပ်လျက်ရှိပြီး ရာနှုန်းပြည့်ပြီးစီးပါက ယင်းလမ်း အသုံးပြုလျက်ရှိသည့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး ကျန်းမာရေးနှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေချောမွေ့လာမည့်ဖြစ်ကြောင်း မြို့နယ်စည်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူရ ထံမှ သိရသည်။
လှမိုး(ပြန်/ဆက်)