ဇလွန်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များ Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ဇလွန် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဇလွန်မြို့နယ် ဦးစီးမှူးရုံးတွင် ယနေ့ နံနက်ပိုင်း၌ ဆောင်ရွက်နေခြင်းကို ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၃၉၁၄၁)စုနှင့် လူဦးရေ (၁၇၄၉၇၇)ဦး၏ (ပုံစံ-၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ software program ဖြင့် Database သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများက သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ရေးသွင်းနိုင်ရေး ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇလွန်မြို့နယ်ဦးစီးမှူး ဦးမြင့်ထွန်းအောင်က လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။

ဇလွန်မြို့နယ်အတွင်း နေထိုင်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အချက် အလက်များကို နည်းပညာအသုံးပြု၍ software program ဖြင့် Database သို့ တိုက်ရိုက် စာရင်းရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ ယနေ့အထိ ဇလွန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၁၀၅၀ ဆောင်ရွက်‌ပြီးဖြစ်ရာ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ရေးသွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)