ဆိပ်ဖြူမြို့နယ်တွင် ပြောင်းဖူးစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေ ရရှိ

ဆိပ်ဖြူ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချင်းတောင်ကျေးရွာမှ ပြောင်းဖူးစိုက်ပျိုးသူများသည် အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ မိသားစုဝင်ငွေရရှိကြောင်းသိရှိရသည်။

ဆိပ်ဖြူမြို့နယ် ချင်းတောင်ကျေးရွာမှ ပြောင်းဖူးစိုက်ပျိုးသူများသည် အောင်မြင်ဖြစ်ထွန်ပြီး ပြောင်းဖူးဈေးကောင်းရရှိ၍ မိသားစုဝင်ငွေရရှိနေကြောင်း ၊လက်ရှိ ခေါင်ပြောင်းဖူးများ စတင်ရောင်းချနေရပြီး ပြောင်းဖူးတစ်ဖူးလျှင် ၁၅၀ ကျပ်ဖြင့် ဖောက်သည်ဈေး ရောင်းချနေရသည့်အတွက် မိသားစုဝင်ငွေများရရှိနေကြောင်း၊ စိုက်ပျိုးရေကို အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်စီမံကိန်းမှ ရယူစိုက်ပျိုးခြင်းဖြစ်ပြီး ပြောင်းဖူးကို အခြားသီးနှံ သီးထပ်အဖြစ် စိုက်ပျိုးခြင်းဖြစ်ပြီး ပြောင်းဖူး  ၀ ဒသမ ၈၀ ဧကခန့် စိုက်ပျိုးခြင်းဖြစ်ပြီး  ပြောင်းဖူးမျိုး၊ သီးနှံအပင်အားဆေးနှင့် ပိုးသတ်ဆေးအချို့သာ ပြင်ပမှ ဝယ်ယူဆောင်ရွက်ရပြီး စိုက်ပျိုးမြေ ထွန်ယက်မြေပြင်စိုက်ပျိုးခြင်းများအား မိသားစုဝင်များနှင့် မိမိပိုင် နွားများဖြင့် လုပ်ကိုင်ရသည့် အတွက် မြေပြင်စိုက်ပျိုးခြင်း ကုန်ကျမှုသက်သာသလို ပြောင်းဖူးကို ဖောက်သည်လိုအပ်သည့် အတိုင်းအတာအထိသာ ရောင်းချနေရသည့်အတွက် အမြတ်ငွေ အတိအကျမသိသေးကြောင်း၊   မြစ်ရေတင်မှ စိုက်ပျိုးရေ ပြည့်ဝစွာရရှိသည့်အတွက်လည်း အဆင်ပြေစွာ စိုက်ပျိုး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒုတိယအသုတ် ပြောင်းဖူးများ ထပ်မံရောင်းချပြီး ပြောင်းခင်းများရိတ်သိမ်းကာ မြစ်ရေတင်မှ စိုက်ပျိုးရေဖြင့် ငရုပ်ထပ်မံ စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧရိယာတွင် အခြားသီးနှံ စိုက်ပျိုးသည့် တောင်သူ ဦးမန်းရင်၏ ပြောကြားချက်အရ သိရှိရသည်။  

စိုးလင်းနိုင်(IPRD)