နတ်တလင်း ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မြို့နယ်အတွင်းရှိ အချိန်စေ့ချေးငွေပြေကျေပြီးသည့် လယ်သမားများသို့ မေလမှစတင်၍ ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ဇူလိုင်လ ၂၈ရက်အထိ ရပ်ကွက်/ ကျေးရွာအုပ်စု ၄၀မှ လယ်သမား ၄၆၂၁ ဦးသို့ ၂၇၉၀၅ ဧက အတွက် ချေးငွေပေါင်း ၄၁၈၅၇ ဒဿမ ၅သိန်း ထုတ်ချေးပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် အချိန်စေ့ချေးငွေကျေသည့် လယ်သမားများသို့ ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု ၈၄ အုပ်စုမှ လယ်မြေဧက ၄၈၄၁၀ အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေါင်း ၄၁၈၅၇ ဒဿမ ၅သိန်း ကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးရန်လျာထားကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။
ဝေယံဖြိုး