ကျောက်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးနှင့် အခြေခံပညာကျောင်း(၂) ကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်

ကျောက်ကြီး  ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးနှင့် အခြေခံပညာကျောင်း ()ကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းအား ယမန်နေ့ညနေ နာရီတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ စီမံလမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများနှင့် မြို့မစျေးတွင် စျေးရောင်း/စျေးဝယ်များအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ရည်ရွယ်ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ယာယီရဲတပ်ဖွဲ့မှူး ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဌာနဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး၊ မြို့နယ် အ-ထ-က ကျောင်းနှင့် အ-ထ-က ခွဲ ပဲခူးရပ်ကျောင်းရှိ စာသင်ဆောင်များ၊ အိမ်သာများအား ခြင်းဆေးဖြန်းခြင်း၊ ရေတွင်းရေကန်များအား အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်များခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းဆောင်ရွက်ခြင်း၊ မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများအား ခြင်ဆေးဖြန်းခြင်း၊ စျေးအတွင်းရှိ သောက်သုံးရေကန်များအား အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)