ပေါက်ခေါင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီး

ပေါက်ခေါင်း     ဇူလိုင်    ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ နေ့နံနက်ပိုင်းက စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ချောင်းကောင်းကျေးရွာအုပ်စုနှင့် လေသာတောင်ကြီး ကျေးရွာအုပ်စုရှိတောင်သူ (၁၅၃)ကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ယခင်နှစ်ကချေးငွေများ အကြေပေးဆပ်သည့် တောင်သူများကို ဦးစားပေး ထုတ်ချေးပေးလျက်ရှိပြီး၊ လယ်တစ်ဧကလျင် ကျပ်တစ်သိန်းခွဲနှုန်း  အတိုးနှုန်း ()ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ချောင်းကောင်းကျေးရွာအုပ်စုနှင့် လေသာတောင်ကြီးကျေးရွာအုပ်စုတို့မှ တောင်သူ(၁၅၃)ဦး၏ လယ်ယာမြေ(၅၅၀)ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၈၂,၅၀၀,၀၀ဝိ/- သိန်း ကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကျေးရွာအုပ်စု (၃၅)အုပ်စုမှ တောင်သူ ၂၈၉၀ ဦး၏ လယ်မြေ ၉၃၄၆  ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ  ,၄၀၁,၉၀၀,၀၀ဝိ/- သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် ယခုနှစ်ချေးငွေ ,၂၀၀,၈၀၀,၀၀၀/- သိန်းကို ထုတ်ချေးပေးရန် လျာထားလျက်ရှိကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။ ဆက်လက်၍ ချေးငွေထုတ်ချေးပေးရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)