ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ BA-4, BA-5 ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ပေါက်ခေါင်း   ဇူလိုင်    ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ပြည်- ပေါက်ခေါင်း-တောင်ငူ လမ်းဆုံနေရာ၌ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ BA-4, BA-5 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် နာရီအချိန်က ဌာနများစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခရီးသွားလာပြည်သူများအား ယခုဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲ BA-4, BA-5 တွေ့ရှိမှုနှင့်ပတ်သက်၍ အသိပေးပြောကြားခြင်း၊ အပြင်သို့သွားလာရာနှင့် လူထူထပ်သောနေရာများသို့ သွားလာရပါက နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြပါရန် ပြောကြားပြီး၊ Mask Campaign အဖြစ် ခရီးသွားလာပြည်သူများအား ပါးစပ်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)