ပဲခူးမြို့နယ်အတွင်း မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များအား သတ်မှတ်ရက်ထက် စောလျင်စွာပြီးစီးနိုင်ရေး ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်‌ဆေး

ပဲခူး  ဇူလိုင်  ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ နေရာ()နေရာ၌ မြို့နယ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများအားလုံးအတွက် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန် မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/)ပါ အချက်အလက်များအား ကွန်ပျူတာအလုံး (၆၀)ဖြင့် သတ်မှတ်ရက်ထက် စောလျင်စွာပြီးစီးနိုင်ရေး နေ့ဆိုင်း/ညဆိုင်းအဖွဲ့ခွဲ၍ ဖြည့်သွင်း ဆောင်ရွက်နေခြင်းကို ယနေ့နံနက်ပိုင်းက ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြသည်။

ပဲခူးမြို့နယ်အတွင်း၌ (၆၆/)အိမ်ထောင်စု အရေအတွက် (၁၀၂၄၄၇)အိမ်ထောင်စုအား Software Program ဖြင့် ကွန်ပျူတာများအသုံးပြု၍ ဖြည့်သွင်းရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် စောလျင်စွာ ပြီးစီးနိုင်ရေးအတွက် ကွန်ပျူတာအလုံး (၆၀)ဖြင့် ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပဲခူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ဘုရားကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး စသည့်နေရာ()ခု၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၆၀)ဦးတို့မှ ဇူလိုင်လ(၁၇)ရက်နေ့မှစတင်၍ နေ့ဆိုင်း/ညဆိုင်း အဖွဲ့များခွဲကာ ဆောင်ရွက်လျက်ရှိပြီး တစ်နေ့လျှင် အနည်းဆုံးအိမ်ထောင်စုပေါင်း (၄၂၀၀)ခုအား ပြီးစီးအောင်ဖြည်းသွင်းရန် လျာထားဆောင်ရွက်လျက်ရှိရာ စတင်သည့်နေ့မှ ရက်ပေါင်း(၂၅) ရက်အတွင်း အပြီးဆောင်ရွက်သွားရန် လျာထားဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/)ပါ အချက်အလက်များအား Softwaer Program ဖြင့် ကွန်ပျူတာများအသုံးပြု၍ ဖြည့်သွင်းနေမှုအား ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)