ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအား Software အသုံးပြု၍ ရေးသွင်း

ဒိုက်ဦး ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် နာရီအချိန် က အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ အဖွဲ့ဝင် ဦးတင်ထွဋ်မြင့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးမိုး တို့က အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက်လျှက်ရှိပြီး (ပုံစံ-၆၆/) အချက်အလက်များကို နည်းပညာအသုံးပြု၍ Software Program ဖြင့် Database သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများက  သတ်မှတ်ကာအတွင်း ပြီးစီးနိုင်ရေးအတွက် လုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ နေ့/အဆိုင်း () ဆိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)