တောင်ငူ ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူတက္ကသိုလ်တွင် ၂၀၂၂- ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ယနေ့နံနက်ပိုင်းက တောင်ငူတက္ကသိုလ်ဝင်းအတွင်း ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ စီမံရေးရာ အရာထမ်း/အမှုထမ်းများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စုပေါင်းစိုက်ပျိုးရာတွင် ကံ့ကော်၊ စိန်ပန်းပု၊ ယင်းမာ၊ ပန်းတမာ၊ စိန်တချူ၊ သပြေပူတ၊ စိန်ပန်းပြာ၊ မယ်ဇယ်နှင့် စွယ်တော်စသည့် ပျိုးပင်ပေါင်း ၂၀၀ ကျော်ကို ကျောင်းဝင်းအတွင်း၌ အရိပ်ရရှိစေရန် ရည်ရွယ်ကာ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)