သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

သံတောင်ကြီး  ဇူလိုင် ၂၈

ကရင်ပြည်နယ် ၊  ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ မိမိတို့၏ အိမ်များတွင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး  စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့်  မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရသည်။

အဆိုပါဂေါ်ရခါးသီးများသည် လူကြိုက်များသည့် သီးနှံဖြစ်ပြီး ကြော်စား၍သော်လည်ကောင်း၊ ပြုတ်စား၍သော်လည်ကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင်လည်ကောင်း စားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ ၊ မိုး  ၊ ဆောင်းရာသီမရွေး အသီးသီးပြီး မိုးရာသီအချိန်တွင် အထွက်နှုန်းပိုများကြောင်း သိရသည်။  ဂေါ်ရခါးသီးများကို အိမ်အတွင်းစားသုံးရန် အတွက်သာမက အပိုဝင်ငွေရရှိစေရန်  ခူးယူရောင်းချလျက်ရှိပြီး တစ်ပိသာလျှင်ကျပ်(၁၀၀၀)အထိ ရရှိကြောင်း သိရသည်။  ဂေါ်ရခါးပင်များသည် ရာသီမရွေး အသီးသီးလျက်ရှိသည့်အတွက် ဒေသခံပြည်သူများအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဂေါ်ရခါးပင်စိုက်ပျိုးသူတစ်ဦးထံက သိရသည်။      

စောမင်းသား ( ပြန်/ဆက်)