ကော့ကရိတ် ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် မျိုးစိတ်သစ်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ယခုအချိန်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နှင့် ၄င်း၏မျိုးစိတ်အသစ် (BA4. BA5) ရောဂါပိုးများသည် နိုင်ငံအနှံ့၌ ကူးစက်ပျံ့နှံ့လျက်ရှိပြီး မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါပိုးများ ကူးစက်လျက်ရှိပြီးဖြစ်သည့်အတွက် လတ်တလောဖြစ်ပွားနေသည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွှန်နှင့် ၄င်း၏မျိုးစိတ်အသစ်များ ကာကွယ်ဖို့ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရေး၊ တစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရေး လူအများ လူစုလူဝေးရှိရာ ရှောင်ရှား ရေး၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူကြရေးနှင့် တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးနှင့် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံကြရေး သတ်မှတ်ဆေးထိုး အကြိမ်အရေအတွက် မပြည့်သေးသောပြည်သူများ အနေဖြင့် သတ်မှတ်နေရာများ၌ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရေးစသည့် ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့်လှည့်လည် အသိပေးနှိုးဆော်ခဲ့ ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်ဆက်)