ကော့သောင်း ဇူလိုင် ၂၈
နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေ မတိမ်ကော မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ကျင်းပလျက်ရှိရာ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကော့သောင်းခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉)နာရီကကော့သောင်းမြို့ မဉ္ဇူသ က ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အတွင်း မြို့နယ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရပြိုင်ပွဲဝင်များက အဆို၊ အကများဖြင့် ပြန်လည်သီဆို၊ ကပြဖျော်ဖြေခဲ့ကြပြီး ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများကခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးပေး အပ်ခဲ့ကြသည်။
ယင်းနောက် ကော့သောင်းခရိုင်အဆင့် ပြိုင်ပွဲများတွင် ပါဝင်ကူညီခဲ့ကြသည့် အကဲဖြတ်ဒိုင်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)