သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၂

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်စီမံ vကိန်းကျေးရွာဖြစ်သည့် ကွင်းချောင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ  ကွင်းဆင်းဆောင်ရွက်ရာတွင်  မြစိမ်းဆောင်စီမံကိန်း လျှောက်လွှာများ စစ်‌ဆေးခြင်း၊  အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ပြန်လည်လွဲပြောင်းပေးအပ်ခြင်း၊  ရရှိသော အတိုးရငွေဖြင့် ကျေးရွာအတွင်း လမ်းခင်းရန် ညှိနှိုင်းခြင်းနှင့်  ကျေးရွာ၏ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် မြစိမ်းရောင်စီမံကိန်းကော်မတီများက ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ ဆက်)