ညောင်တုန်း ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သမဝါယမအသင်းစု၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ (၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးသန်းထွန်းအေးတို့က အဖွင့်အမှာစကားပြောကြားပြီး (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားရှင်းလင်း တင်ပြ၍ တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။
ဆက်လက်၍ အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အစီအစဉ်အားဆောင်ရွက်ရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဆွေက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အသစ်များကို သမဝါယမ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်တာဝန်ခွဲဝေပေးအပ်၍ အမှုဆောင်သစ်များက ကတိသစ္စာခံယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)