ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါကာကွယ်တားဆီးရေးနှင့် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသော ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုရှောင်ကြဉ်ရေးအသိပညာပေးပြသ ဆောင်ရွက်

ကရသူရိ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် ကျန်းမာရေးကို အန္တရာယ်ဖြစ်သော ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု   ရှောင်ကြဉ်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀နာရီက ကပ်ထားပြသဆောင်ရွက်သည်။

ကိုဗစ်−၁၉နှင့်ပတ်သက်၍  မိမိတို့မြို့အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ယခုလက်ရှိကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဖြစ်ပေါ်နေသည့်အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ကိုဗစ်−၁၉ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတင်းအချက် အလက်များ၊ ရုပ်ရှင်သရုပ်ဆောင်အနုပညာရှင်များ၏    ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးပညာပေးမှတ်တမ်း ဓာတ်ပုံများ၊ ဆေးလိပ်၊ဆေးရွက်ကြီး၊ကွမ်းယာစသည့်      မူးယစ်အန္တရာယ် ရှောင်ကြဉ်ရေးများကိုပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးပညာပေး ပြသဆောင်ရွက်ထားကြောင်းသိရသည်။

         

 

စိုးဝင်း(ပြန်/ဆက်)