သရက် ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ်ပြားနှင့် အသုံးပြုခြင်း လမ်းညွှန်သင်တန်းကို ယနေ့ နံနက် (၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းတွင် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်ဌေးလှိုင်နှင့် ဒေါ်သဲအိတို့က ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းတွင် ကိုယ်ရေးအချက်အလက်များ၊ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေး ထိုးနှံထားခြင်းရာဇဝင်၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှု အခြေအနေ၊ အဟာရနှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု အခြေအနေနှင့် ကျန်းမာရေး စစ်ဆေးတွေ့ရှိချက်များ ရေးသွင်းမှု ဆိုင်ရာများကို ဆွေးနွေး ပို့ချပေးခဲ့သည်။
ထို့နောက် လက်ထောက်ငှက်ဖျားမှူး ဦးကျော်ထွန်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသော နေရာဒေသများအား ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့သည်။ အဆိုပါ သင်တန်းတွင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)