မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူအတွက် ကယ်ဆယ်ရေး ထောက်ပံ့ငွေပေးအပ်

မော်လမြိုင်ကျွန်း ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဖူထီကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ ဇူလိုင်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော လယ်ယာမြေ၌ ကောက်စိုက်နေစဉ် မိုးရွာသွန်းပြီး မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူ (၁) ဦးနှင့် ဒဏ်ရာရရှိသူ (၁) ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ (၅) နာရီအချိန်က ဘေးသင့်ပြည်သူ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက သေဆုံးသူ(၁)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ (၃၀၀၀၀ဝ)ကျပ်နှင့်  ဒဏ်ရာ ရရှိသူ(၁)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ (၅၀၀၀ဝ)ကျပ်၊ စုစုပေါင်း (၃၅၀၀၀ဝ)ကျပ်တိတိအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့် အတူ သေဆုံးသူနှင့် ဒဏ်ရာရသူတို့၏မိသားစုဝင်များထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)