စစ်ကိုင်းတက္ကသိုလ်တွင် အထူးပြုဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်

စစ်ကိုင်း ဇူလိုင် ၂၈

စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲဆုရရှိခဲ့သူများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း(၂)နာရီက အဆိုပါတက္ကသိုလ်တွင် ကျင်းပြပုလုပ်ခဲ့ကြောင်းသိရသည်။

ဆုချီးမြှင့်ပွဲတွင် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက မိမိတို့ရဲ့တက္ကသိုလ် ကြီးအနေဖြင့် ကျောင်းသား/ ကျောင်းသူများအား ဘက်ပေါင်းစုံ အားကစားပြိုင်ပွဲမျိုးစုံ ကျင်းပပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုစစ်တုရင်ပြိုင်ပွဲမှာလည်း ကျောင်းသားအချင်ချင်း ချစ်ခင်ရင်နှီးစွာ အားကစားစိတ် ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့အတွက် အလွန်အင်မတန်မှ ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံ ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင်လည်း ကြိုးစားသွာကြပါလို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားကာ ဆုရရှိသူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆုချီးမြှင့်ပွဲသို စစ်ကိုင်းတက္ကသိုလ်ပါနောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ အကဲဖြတ်အမှတ်ပေးဒိုင်များ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို(၂)ရက်တာ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)