ပေါက်ခေါင်းမြို့၌ စားသုံးဆီရောင်းချနေသောဆိုင်များအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်

ပေါက်ခေါင်း  ဇူလိုင်  ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့က ပေါက်ခေါင်းမြို့မစည်ပင်သာယာဈေးကြီးအတွင်းနှင့် မြို့ပေါ်ကုန်စုံဆိုင်များတွင် ရောင်းချနေသောဗူးသွပ်စားသုံးဆီများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များသည် မြို့မစည်ပင်သာယာဈေးကြီးအတွင်းနှင့် မြို့ပေါ်ကုန်စုံဆိုင်များတွင် ရောင်းချနေသောဗူးသွပ်စားသုံးဆီများတွင် သတ်မှတ်ကုန်အညွှန်း အမှတ်သားများ၊ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံပါရှိမှသာရောင်းချရန်တို့ကို ဈေး ဆိုင်ရှင်များအားအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)