မင်းလှ၌  လူဦးရေမှတ်ပုံတင်ခြင်းစနစ်ပုံစံ(၆၆/၆)များ e-lDဆော့ဖ်ဝဲရိုက်သွင်းခြင်း ဆောင်ရွက်မှုလုပ်ငန်း(၁၉.၉၈)ရာခိုင်နူန်းပြီးစီး

မင်းလှ ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနက လူဦးရေမှတ်ပုံတင်ခြင်းစနစ်ပုံစံ(၆၆/၆)များ e-lDဆော့ဖ်ဝဲရိုက်သွင်းခြင်း ဆောင်ရွက်မှုလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်လျက်ရှိရာ ယနေ့ချိန်ထိ (၁၉.၉၈)ရာခိုင်နူန်းပြီးစီးနေကြောင်းသိရသည်။

မင်းလှမြို့နယ်တွင် လူဦးရေမှတ်ပုံတင်ခြင်းစနစ်ပုံစံ(၆၆/၆)များ e-lD ဆော့ဖ်ဝဲရိုက်သွင်းခြင်းလုပ်ငန်းကို တစ်မြို့နယ်လုံးအနေဖြင့် စာရင်းဖြည့်သွင်းရမည့်အိမ်ထောင်စုပေါင်း (၃၄၀၆၀)စု ရှိပြီး၊ ယနေ့ထိအိမ် ထောင်စုပေါင်း(၆၈၀၄)စု ဖြည့်သွင်းဆောင်ရွက်နိုင်ခဲ့၍ (၁၉.၉၈) ရာခိုင်နှုန်း ပြီးစီး‌နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးတင်ကိုလတ်နှင့် တာဝန်ရှိသူများ အနီးကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)