သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သာပေါင်း ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

‌ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦး ကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးအမြဲမပြတ် အလေး ထားဆောင်ရွက်ရန်၊ အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းဆောင်ရွက်ရန်၊ ပုံစံ ၆၆/၆နှင့် မြေပြင် လူဦးရေတိုက်ဆိုင်စစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ Online သတင်းများ စိစစ်တင်ပြ ရန်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ ဖမ်းဆီးဆောင်ရွက်မှု နေ့စဉ်/လစဉ် တင်ပြရန်၊ မိုးရေခံစနစ် ရေကိုသိုလှောင်ရေးဆောင်ရွက်ရန်၊ မိုးစပါးကြဲခင်းစနစ် စိုက်ပျိုးဧကများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ရန်၊ ဆီထွက်သီးနှံဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးရေး ရေရှိရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ပူးပေါင်းဆောင်ရွက်ရန်၊ ကာကွယ်ဆေး Booster Dose ဆေးထိုးနှံရေး ပူးပေါင်းပါဝင် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ပြန်လည်ဆွေးနွေးတင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း