မြောင်းမြမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ရေးပစ္စည်းများပေးအပ်

မြောင်းမြ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်()ရပ်ကွက်၊  ရိပ်သာလမ်းထောင့်နှင့် ဂေါ်ဖီခြံ() လမ်းထောင့်ရှိ မီးဘေးသင့်အိမ်ခြေ ()လုံးနှင့် လူဦးရေ(၂၁)ဦးတို့အတွက် ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၂၆ ရက်နေ့ နေ့လယ် ()နာရီအချိန်က အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် မီးဘေးသင့်အိမ်ခြေ ()လုံးနှင့် လူဦးရေ (၂၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၄၀၀၀၀၀)၊ ဆန်ရိက္ခာရန်ပုံငွေ (၄၄၁၀၀)၊ စုစုပေါင်းရန်ပုံငွေ (၄၄၄၁၀၀)ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ Mask (၄၂)ခုတို့အား လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ရုံးမှ ဝန်ထမ်းများသွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အလားတူ မြောင်းမြခရိုင်အတွင်းရှိ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာ၊ ကမ်းပြိုကျေးရွာနှင့် အထက်ပေကုန်း ကျေးရွာတို့မှ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်း အိမ်ထောင်စု(၂၆)စုနှင့်  လူဦးရေ(၁၈၆)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးငွေ (၃၉၀၆၀၀)နှင့် ကြိုတင်ရွှေ့ပြောင်းထောက်ပံ့ငွေ (၂၆၀၀၀၀၀)၊ စုစုပေါင်း(၂၉၉၀၆၀၀)အား ဘေးသင့် ပြည်သူများလက်ဝယ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)