ဖျာပုံ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်က ကံ့ကော်မြိုင် စာတမ်းစာအုပ်မှ ဆရာအောင်သင်းရေးသားသော "ချိုတကူးနှင့် ဂုဏ်ရည်မတူ" ရသစာတမ်းအား ဖတ်ကြားဆွေးနွေးပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာဦးကျော်မြင့် (မောင်ယဉ်မိုး)က
ကံ့ကော်မြိုင်စာတမ်းစာအုပ်မှဆရာအောင်သင်း ရေးသားသော "ချိုတကူးနှင့်ဂုဏ်ရည်မတူ" ရသစာတမ်းမှ
အတုနဲ့အစစ်ကို ခွဲခြားတတ်စေရန်နှင့် လောကနိယာမအရလူတွေက အစစ်နှင့်အတုတွင် အတုကို ပိုမိုနှစ်သက်ခုန်မင်တတ်ကြကြောင်း၊ အတုဆိုရာတွင် သဘာဝကိုတုထားတဲ့ အနုပညာကို ခုန်မင်နှစ်သက်ကြကြောင်းကိုအ သေးစိတ်ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)