ငပုတော ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးဖြိုးသူရကျော်နှင့် အဖွဲ့ဝင်(၂)ဦးသန်းဦးတို့သည် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ လိုက်ပါလျက် ဝက်ဆူကျေးရွာအုပ်စု၊ ဝက်ဆူရွာ အောင်သုခကျောင်းတိုက် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့ညနေ(၃)က ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ဝက်ဆူကျေးရွာနှင့် တံခွန်တိုင် ကျေးရွာတို့မှ မီးလင်းရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများအား ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် လိုအပ်သည့် အကြံညဏ်များ ပေးနိုင်ရေး၊ မျိုးရိုးဗီဇပြောင်း ကိုဗစ် -၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကြံရှိပါက ကာကွယ်ဆေးထိုးနှံကြရန်နှင့် သတ်မှတ်ထားသော အကြိမ်အရေအတွက် အပြည့်အဝထိုးနှံနိုင်ရေး၊ သွေးလွန်တုတ်ကွေး ရောဂါအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ခြင်များ မပေါက်ဖွားနိုင်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ၊ ဆောင်ရွက်ကြရန်နှင့် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်သူများ၏ စပါးပင်သီးနှံများကို ဖျတ်ဆီးတက်သော ရွှေခရုအန္တရာယ်မှ နှိမ်နှင်းကာကွယ်ရေး၊ မိုးစပါး စိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် နွေစပါးစိုက်ဧကများ၊ ကျေးရွာသန့်ရှင်းသာယာ လှပစေရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြရန် ပြောကြားခဲ့သည်။
ထို့နောက်အဖွဲ့ဝင်(၁) ဗိုလ်မှုးဖြိုးသူရကျော်က မိမိဒေသလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေမှုနှင့် မိမိရပ်ရွာအေးချမ်းသာယာမှုရှိစေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အဖွဲ့ဝင်(၂)ဦးသန်းဦးမှ မိမိရပ်ရွာတည်ငြိမ်အေးချမ်းစွာ ရှိရေးနှင့် အခြားမလိုလားအပ်သော ပြသာနာများ မဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ပြီး လုံခြုံရေးဆောင်ရွက်ရန်၊ လမ်းမကြီးများဘေး တရားမဝင်ကျူးကျော် ဝင်ရောက်နေထိုင်သူများ မရှိစေရေးအတွက် မှာကြားခဲ့သည်။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဝင်းက မြေယာအသုံးချမှုနှင့် တောင်သူများသိသင့်သော လယ်ယာမြေ အကြောင်းအရာများ အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများက လိုအပ်သည်များပြန်လည် တင်ပြလာမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် ဝက်ဆူကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ လှုဒါန်းသည့် ရေတိုင်ကီထားရှိမည့် အောက်ခံခုံ ဆောက်လုပ်နေမှုကြည့်ရှု့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကာ ဝက်ဆူလမ်းမဘေးတွင် မိုးစပါးသီးနှံစိုက်ပျိုးထားမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူ
(ငပုတော ၊ ပြန်/ဆက်)