အရာတော် စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အရာတော်မြို့နယ် ပြည်သူ့ဆေးရုံဝင်း အတွင်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် တည်ဆောက်လျှက်ရှိ သော(၄) ခန်းတွဲ(၄)ထပ် ဝန်ထမ်း အိမ်ရာ အဆောက်အဦးအသစ်တည်ဆောက်ရေးလုပ်ငန်းမှာ ယခုအခါ(၉၀) ရာခိုင်နှုန်းကျော်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ယခု ဆောက်လုပ်လျှက်ရှိသောမြို့နယ်ပြည်သူ့ဆေးရုံဝန်ထမ်းအိမ်ရာ အဆောက်အဦးမှာ အလျား(၅၃)ပေ အနံ(၄၂)ပေ၊ အမြင့်(၆၈.၅)ပေရှိ RCC(၄)ထပ် အမျိုးအစားဖြစ်ပြီး တိုင်း ဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြု ငွေကျပ်(၃၃၇.၇)သန်း ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး (၉၀)ရာခိုင် နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း၊ အရာတော်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အရာတော်မြို့နယ် ပြည်သူ့ဆေးရုံဝန်ထမ်းအိမ်ရာနှင့် နောင်ကြီးအိုင် ကျေးရွာ၊မလဲသာကျေးရွာတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ ၊ဆရာဝန်အိမ်ရာများနှင့် အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာဆောင်များအတွက် တိုင်းဒေသကြီး ငွေလုံး ငွေရင်း ရန်ပုံငွေ ကျပ်(၆၇၂.၉)သန်းခွင့်ပြုချထား ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မိုးဝေ၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)