ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်

ပေါက်ခေါင်း စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ရပ်ကွက်ကျေးရွာအတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်း ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုမွန်သက်က ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူ ပြည်သူတစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့်  ကိုယ်အင်္ဂါမသန်စွမ်းသူ (၃၀၈)ဦးအတွက် စုစုပေါင်းငွေကျပ် (၉၄၂၀၀၀၀)ကျပ်ကို ပြည်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်‌ ပေါက်‌ခေါင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးတို့က ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)