ရွှေသောင်ယံ ဆိပ်ကြီးလမ်းပိုင်း သုသာန်လမ်းပြုပြင်ဆောင်ရွက်

ရွှေသောင်ယံ  စက်တင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်ပိုင်း မှစတင်၍ ရွှေသောင်ယံ ဆိပ်ကြီးလမ်းပိုင်း သုသာန်လမ်း(၄)မိုင်အား ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

ရွှေသောင်ယံဆိပ်ကြီးလမ်းသည် လမ်းအရှည်(၁၄)မိုင်၊ (၆)ဖာလုံရှိပြီး ရွှေသောင်ယံမြို့မှ သုသာန်ကုန်း အထိ (၄) မိုင်ရှည်လျားသည်။

ထို့အပြင်မြေသားလမ်းဖြစ်သည့်အတွက် မိုးရာသီတွင် သွားလာရေး ခက်ခဲမှုများကြောင့် ရွှေသောင်ယံမြို့မှ မြတ်ဟံသာ လုပ်ငန်းစုနှင့် ရွှေဟိန်းထက်ကုမ္ပဏီမှ စက်ယန္တရား နှစ်စီးဖြင့် ပြုပြင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းကို မိုးတွင်းကာလ နာရေးကားများ သွားလာရာတွင် အခက်အခဲဖြစ်သည့်အတွက် ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပြီး ရွှေသောင်ယံမြို့ ရပ်ကွက်(၃)ခုအတွက် အသုံးပြုဆောင်ရွက်နေသော သုသာန်လမ်းပိုင်း တစ်ခုဖြစ် သည်။

ကိုကိုမောင် (ပြန်/ဆက်)