သာယာဝတီမြို့တွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ မရှိစေရေး ကွင်းဆင်းစစ်ဆေး

သာယာဝတီ ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများနှင့် ကုန်ပစ္စည်းများ ရောင်းဝယ်မှုမရှိစေရေးအတွက် သာယာဝတီခရိုင်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သိန်းနှင့် ဝန်ထမ်းများ၊  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဇင်ထက်အောင်နှင့်  ဝန်ထမ်းများ၊   မြို့နယ်ရဲမှူး  ခင်စိုးလွင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသည့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် အမိုနီယမ်နိုက်ထရိုတ်များအား ဓာတ်မြေဩဇာများနှင့် ရောနှောသယ်ဆောင်မှု၊ အိတ်သွတ်သယ်ဆောင်မှုများမရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းရောင်းချမှုမပြုရေး စစ်ဆေးဆောင်ရွက်ပြီး၊ လုပ်ငန်းလိုင်စင်ရရှိပြီး၊ ဥပဒေနှင့်အညီ ကုန်ပစ္စည်းများ တင်သွင်းရောင်းချရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သန့်ဇော်