ဖြူး ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်အသစ်များ ကာကွယ်တားဆီးနိုင်စေရေး နှာခေါင်းစည်း (Mask) များ ဆက်လက်တပ်ဆင်သွားလာစေရေးအတွက် ရည်ရွယ်ကာ ယနေ့ မွန်းလွဲပိုင်းအချိန်က ဖြူးမြို့မဈေးအတွင်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချု်ပရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချု်ပရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ဖြူးမြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask) များဝေငှပေးပြီး အသိပညာပေးခြင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)