သနပ်ပင်မြို့နယ်၌ အလှကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

သနပ်ပင် ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီး၏ လမ်းညွှန်မှုအရ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်း‌‌ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ‌ယနေ့နံနက်ပိုင်းက အလှကုန်ပစ္စည်းရောင်းချနေသောဆိုင်များအား ကုန်အညွှန်း အမှတ်အသားနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြို့မဈေးအတွင်း/အပြင် ‌ရောင်းချနေသော အလှကုန်ရောင်းချနေသောဆိုင်များအား ၁/၂၀၂၁ ခုနှစ် ကုန်အညွှန်း အမှတ်အသားများ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး အလှကုန်ပစ္စည်းအပြင် အခြားကုန်စည်များ ရောင်းချရာတွင်  စားသုံးသူရေးရာ ဦးစီးဌာနမှ ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်သားများနှင့်အညီ ရောင်းချနိုင်စေရန် အသိပညာပေး ပြောကြားပြီး ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပါသည့်  လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)