ကသာခရိုင် ထီးချိုင့်မြို့တွင် ပြည့်စုံမှန်ကန်သောမဲဆန္ဒရှင် စာရင်းဖြစ်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ထီးချိုင့် စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် တွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒ ရှင် စာရင်းဖြစ်ရေးအတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ( ၉:၃၀ ) အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးခန်းမတွင်ကျင်းပပြလုပ်ခဲ့ပါ သည်။

ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်ဒုတိယညွှန်ကြားရေးမှူးဦးထွန်းအောင် ကျော်(ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန)သည် ထီးချိုင့်မြို့ နယ် (ပထမ) အကြိမ် မဲဆန္ဒရှင်စာရင်းနှင့် ( ၂၀-၉-၂၀၂၀ )ရက်နေ့တွင် ကြေညာမည့် ဒုတိယအကြိမ်(နောက်ဆုံးအကြိမ် ) ကြေညာမည့်မဲစာရင်းတွင် ပုံစံ( ၃ ) ဖြင့်တင်သွင်း လာသူများအား မဲစာရင်းသွင်းခြင်း၊ ပုံစံ (၄ ) ဖြင့်ပယ်ဖျက်ခြင်း၊ ပုံစံ ( ၄ - ဂ )  ဖြင့် မဲစာရင်းများပြင်ဆင်မည့်လုပ်ငန်းများ ကိုက်ညီမှန်ကန်မှုရှိ/မရှိ စိစစ်ခြင်း၊ မြို့နယ်မဲစာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီ   မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကြုံတွေ့နေရသည့်အခက်အခဲများ ( ပထမ )  အကြိမ်မဲစာရင်းတွင်   နိုင်ငံသား စိစစ်ရေးကတ်ပြားမပါရှိသူများအားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးမှ ဖြည့်သွင်းဆောင်ရွက်ပေးနိုင်ရေး လွှတ်တော်ရွေးကောက်ပွဲဉပဒေအရ ထောက်ခံချက်ဖြင့် မဲပေးနိုင်ရေးပြင်ဆင်ထားမှုအခြေအနေများအား  တွေ့ဆုံဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဦးစီးအရာရှိ ဦးကျော်စွာထွန်း၏ တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့   ကသာခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာ ဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်   မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်း၊ မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်ဦးစီးအရာရှိ ဦးကျော်စွာထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရပါသည်။

ရဲလင်းထွန်း ( ထီးချိုင့် )