မင်းလှ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနရုံး၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်- ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအချိန်ထိ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများတို့က ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းအပြင် ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများကို ပထမအကြိမ်ထိုးနှံပေးခြင်းတို့အား ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီစနစ်တကျထိုးနှံပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် အသက်(၁၈)နှစ်မှ(၆၅)နှစ်ထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၈၅၀၃၁)ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ(၇၉၂၆၉)ဦးရှိပြီး ယမန်နေ့ထိထပ်ဆောင်းကာကွယ် ဆေး Booster Dose ထိုးနှံပြီးသူစုစုပေါင်း(၂၁၄၅၁)ဦးရှိကြောင်းသိရသည်။
ပေါက်စ (မင်းလှ)