ကန်ကြီးထောင့်မြို့နယ်တွင် "အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက" ခေါင်းစဉ်ဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အသိပညာပေးဟောပြောပွဲဆောင်ရွတ်

ကန်ကြီးထောင့် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကန်ကြီးထောင့်မြို့၊ အမှတ်(၂) အခြေခံပညာ မူလတန်း ကျောင်းတွင် "အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက" ခေါင်းစဉ်ဖြင့်  ယနေ့ နံနက် ၁၀ နာရီက အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့င်(၂) ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရဲနိုင်က အမှိုက်ကင်းစင်ရေးဟောပြောရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းဟန်က ကျောင်းသား၊ ကျောင်းသူ ကလေးများကို "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်း က" ဖြစ်စေရေး ရည်ရွယ်၍ အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန်၊ အမှိုက်အမျိုးအစားများ၊ အမှိုက်ကမှအစပြု၍ ကြွက်၊ ယင်ကောင်၊ ပိုးလောက်လမ်းများမှတစ်ဆင့် ရောဂါဖြစ်ပွားမှုများ၊ အမှိုက်အမျိုးအစားအလိုက် ဆွေးမြေ့ရန် ကြာမြင့်မှုသက်တမ်းများ၊ ပလတ်စတစ်လျော့ချ စေရေးပြုမူ ဆောင်ရွက်လိုက်နာရမည့်အချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူများ၏ ပြန်လည်မေးမြန်းချက်များအား ရှင်းလင်းခဲ့ပြီး  အသိပညာပေးစာအုပ်နှင့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။ 

 မဇင်(ပြန်/ဆက်)