ထားဝယ် ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇေလွင်ထက်က သဘာဝကြောင့်ဖြစ်သော ဘေး အန္တရာယ်များ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/သတိပြုရန်/ ရှောင်ရှားရန်အချက်များကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဦးဇေလွင်ထက်နှင့်ဝန်ထမ်းများက ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ရေဘေး၊ မုန်တိုင်းဘေးနှင့် ငလျင်ဘေးအသိပညာပေးပိုစတာများနှင့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည် (၁၅)ဗူးအား ကျောင်းအုပ်ကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
ရွှေပင်လယ်(ထားဝယ်)