တောင်ငူ၌ စျေးကွက်အတွင်း အလှကုန်ပစ္စည်း ဆင်တူယိုးမှား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း ရှိ/ မရှိ ရှောင်တခင်စစ်ဆေး

တောင်ငူ ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်မရရှိပဲ အလှကုန်ပစ္စည်းများကို ဆင်တူယိုးမှား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေမှုများ ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ​ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ မြို့မစျေးကြီးအတွင်း အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးသည်။

ထိုသို့စစ်ဆေးရာ အလှကုန်အရောင်းဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများ၏ တံဆိပ်မှန်ကန်မှု ရှိ/မရှိ၊  ခွင့်ပြုချက်ဖြင့် ထုတ်လုပ်ထားခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိတို့အား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် တာဝန်ရှိသူများက  စစ်ဆေးပြီး တရားမဝင် အလှကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန် အရောင်းဆိုင်ပိုင်ရှင်များအား အသိပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)