ရေတာရှည် စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လာသဖြင့် ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးတွင် တစ်ထောက်တစ်နေရာမှ ကူညီဆောင်ရွက်ခြင်းအနေဖြင့် တောင်ငူခရိုင်၊ လူမှုကူညီရေးအဖွဲ့၊ ကျန်းမာရေး၊ ကြက်ခြေနီ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ အမှတ် ၁ ရပ်ကွက်၊ စည်ပင်သာယာစျေးကြီးရှေ့ ရန်ကုန်-မန္တလေးကား လမ်းနင့် စျေးရောင်း စျေးဝယ်လာကြသူများအား စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် နှာခေါင်းစီး အခုရေ ၂၀၀၀ ကျော်နှင့် ပညာပေး လက်ကမ်းစာဆောင်များကို အခမဲ့ဝေငှပေးခဲ့သည်။
အပြင်မှာ သွားလာနေကြသူ အတော်များများကတော့ နှာခေါင်းစီးတပ်လာတာ တွေ့ရတယ် ဒါပေမဲ့ အချို့က မတတ်ကြသေးဘူး ဒီကနေ့ကတော့ နှာခေါင်းစီး တပ်လာသူဆိုရင် ပညာပေးလက်ကမ်း စာစောင်ပေးတယ် ကုန်တင်ယာဥ်တွေ၊ ခရီးသည်တင်ယာဥ်တွေ၊ ဆိုင်ကယ်စီးနင်းသူတွေ၊ လမ်း လျောက်လာသူတွေ နှာခေါင်းစီး တပ်ဆင်ထားတာ မရှိရင် နှာခေါင်းစီးပေးလိုက်ပြီး တစ်ခါတည်း တပ်ခိုင်းတာ ပေါ့ဆလို့မရဘူး ပြည်သူတွေအားလုံး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့လိုတယ်”ဟု ဆွာမြို့ လူမှုကူညီရေးအဖွဲ့မှ ဦးဝကြီး က ပြောကြားသည်။
ယနေ့ပြုလုပ်သည့် ကမ်ပိန်းတွင် အသိပညာပေး တေးသီချင်းများနှင့် သရုပ်ဖော်အကများ ပါဝင်ပြီး ခရီးသွားကြသူများ အနေဖြင့်လည်း အထူးပင် စိတ်ဝင်တစားရှိကြကြောင်း သိရသည်။
ဆု(ပြန်/ဆက်)