ကမမောင်း ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ အကျိုးဆောင်တောင်သူ ဦးကျော်စွာထွန်း၏ တစ်နိုင်တစ်ပိုင် အိမ်ခြံဝင်း(Home Garden) ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ တစ်နိုင်တစ်ပိုင် (Home Garden) စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူ၏ ခြံဝင်းတွင် မုန်ညှင်း၊ မုန်လာ၊ ကန်စွန်းရွက်စသည့်အပင်များကို စိုက်ပျိုးလျက်ရှိရာ ဖာပွန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်နိုင်၊ ကမမောင်းမြို့၊ မြို့ဦးစီးမှူး ဦးမောင် မောင်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ ကမမောင်းမြို့အတွင်း တောင်သူအများစုက မိရိုးဖလာ စိုက်ပျိုးခဲ့သည့် စိုက်ပျိုးနည်းအတိုင်းမဟုတ်ဘဲ တောင်သူ များအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရန်အတွက် ယခင်နှစ်များက နည်းပညာဖြင့် ကူညီဆောင်ရွက်ခဲ့ကြောင်းနှင့် မျိုးစေ့များအား အခမဲ့ကူညီပေးခဲ့ကြောင်း၊ ယခုနှစ်တွင် တောင်သူများက နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးခဲ့သည့်အတွက် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
ယခင်နှစ်က တောင်သူများ စိုက်ပျိုးခဲ့သည့် သီးနှံများအား ဈေးကွက်အတွင်းသို့ သွားရောက်ရောင်းချရာတွင် တစ်ရက်ပျမ်းမျှ(၁၀၀ဝဝ)ကျပ်မှ (၁၅ဝဝဝ)ကျပ် အထိသာရရှိခဲ့ကြောင်း ယခုနှစ်တွင် တစ်ရက်ပျမ်းမျှ(၂၅၀ဝဝ)ကျပ်မှ (၃၀ဝဝဝ)ကျပ်အထိရရှိကြောင်း တောင်သူ ဦးကျော်စွာထွန်းထံမှ သိရသည်။
တင်တင်လှ(ပြန်/ဆက်)