သံတောင်ကြီးမြို့နယ် ဇလဲကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်း ဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၂၅

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ပဉ္စမအကြိမ် မြစိမ်းရောင် ရန်ပုံ‌ငွေ ပြန်လည်ထုတ်ချေးခြင်းကို ဇလဲကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ   ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊  စာရင်းဇယားများ ပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများ ပြန်လည် ပေးဆပ်ကြရန် ပြောကြားခဲ့ပြီး မြစိမ်းရောင်ရန် ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  မြစိမ်းရောင်ရန်ပုံငွေဖြင့် ရွာကြီးကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား (၃၅)ဦးအတွက် ငွေကျပ်(၂၁၅)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ()ဦးအတွက် ငွေကျပ် (.)သိန်း၊ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား (၁၃)ဦးအတွက် ငွေကျပ် (၁၁၄)သိန်း စုစုပေါင်းငွေကျပ်(၃၆၇)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ