အောင်လံခရိုင်၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၀) စက်မှုလယ်ယာစခန်းမှ Semi-Mechanized ဝါသီးနှံ (၂.၀၀)ဧက Cotton Seeder (ဝါမျိုးစေ့ချ ကိရိယာ)ဖြင့် သုတေသန စမ်းသပ်စိုက်ပျိုး

အောင်လံ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၀) စက်မှုလယ်ယာစခန်းမှ Semi-Mechanized ဝါသီးနှံ (၂.၀၀)ဧက Cotton Seeder (ဝါမျိုးစေ့ချ ကိရိယာ)ဖြင့် သုတေသနစမ်းသပ်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉နာရီခွဲ အချိန်က ဂုံတောစံပြကျေးရွာ တောင်သူ ဦးဝင်းရှိန်၏ စိုက်ခင်းတွင် ပြုလုပ်ခဲ့ရာ ခရီုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မကွေးမြို့ အမှတ်(၃)အလတ်စား စက်ပြင်အလုပ်ရုံ စက်ရုံမှူး ဦးကိုကိုဦး၊ အမှတ်(၁၀) စက်မှုလယ်ယာစခန်းမှ အောင်လံခရိုင် ဦးစီးမှူး ဦးအောင်ကြင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ သည်။

ထို့နောက် ယခုအချိန်အခါ၌ ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးမှု လုပ်ငန်းစဉ်တွင် ဒေသခံတောင်သူများ၊ လယ်ယာလုပ်ငန်းခွင်တွင် စက်အင်အားဖြင့် စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုစိတ်ဝင်စားလာကြပါသဖြင့် အမှတ်(၁၀) စက်မှုလယ်ယာစခန်း အောင်လံမြို့အနေဖြင့် ဒေသတွင်းဝါသီးနှံ (၂.၀၀)ဧကအား မြေယာပြုပြင်သည်မှ ခူးစွတ်သည်အထိ စက်စွမ်းအား၊ လူစွမ်းအားဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ကာ  Semi-Mechanized ဝါသီးနှံ (၂.၀၀)ဧက Cotton Seeder (ဝါမျိုးစေ့ချ ကိရိယာ)ဖြင့် သုတေသန စမ်းသပ်စိုက်ပျိုးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုသိန်း(ပြန်/ဆက်)