ရွှေသောင်ယံ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(ရွှေသောင်ယံ)တွင် ယနေ့ နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူ ကျောင်းသား၊ ကျောင်းသူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကာကွယ်ဆေးမထိုးရသေးသည့် ကျောင်းသား၊ ကျောင်းသူများ စသည်ဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ရွှေသောင်ယံမြို့၊ သပေါ့ကန် ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ကိုကိုမောင်