ကျိုက်ဒုံ ဇူလိုင် ၂၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၂၆.၀၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက် သုခလမ်း၌ အုတ်စီရေမြောင်း ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၃)၊ အမှတ်(၄)ရက်ကွက် သုခလမ်း၌ အုတ်စီရေမြောင်းဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အုတ်စီရေမြောင်း ပေအရှည်(၁၃၀၀)ပေ၊ အကျယ်(၁)ပေ(၆) လက်မ၊အမြင့်(၂)ပေဖြစ်ပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)