ညောင်လေးပင် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁၃ နာရီက မြို့နယ်စာရေးဆရာအသင်းမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဦးခေမာစာရ (သုတသွေး -စံဖဲ) ကမုဒိတာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)က မြန်မာနိုင်ငံစာရေးဆရာအသင်း (တတိယအကြိမ်) ညီလာခံအတွေ့အကြုံများ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင် -ညောင်လေးပင်)က မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) ၏ ညွှန်ကြားချက်များနှင့် ရှေ့လုပ်ငန်းစဉ်များပြောကြားခဲ့သည်။
ထို့နောက် တတ်ရောက်လာကြသော စာရေးဆရာအသင်း အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)